နီလိုက်တာမှ ရဲဗလောင်းကို ခတ်လို့


image

ကျန်းမာရေးမကောင်းရတဲ့အထဲ steemit ကို
စကန်လို့ ပြောတဲ့သူကရှိသေး။ steem ဈေး
သူဟာသူ 0.11 ရောက်သွားတာကို ဘာဖြစ်
တာမှတ်လို့။ အေး steem ဈေး $ 11ဖြစ်သွား
ရင်တော့ ပြောချင်ရာပြောကြပါလေ 😁။
steem ဈေး $ 11 ဖြစ်ရင်တော့ အကုန်ရင်တုန်ရင်ခုန်ပြီသာမှတ်။

ဟိုးအရင်က steem ဈေး $ 11 ဖြစ်ခဲ့တာတောင်
ကိုယ်တွေက ရင်ခုန်ရမှန်းမသိတဲ့လူ။ ခုတော့ရော
ဆိုတော့ အဟဲ ရင်ခုန်နေတတ်ပါပြီလေ။
ကဲ steem ရေ ကိုယ့်ကို ရင်ခုန်ခွင့်‌လေးပေးလှည့်ပါလို့။ တအားများ ရိုနေမလား။ မတက်နိုင်ဘူး
စတင်းဈေးကျတော့ ကိုယ့်ဟာကိုယ်အားပေး
နေရတာပဲ။

8qfan9zkg7.jpg

ကျုပ်တို့ရဲ့ခေါင်းဆောင် ကိုဟင်ကတော့
ဆက်လက်ချီတက်နေတာပဲ။ သူချီတက်နေတော့
ကိုယ်တွေလည်း နောက်ကနေ အားတင်းချီတက်
လိုက်ပါရတာပေါ့။ သူတောင်လက်နက်မချသေး
ရင်း။ ကိုယ်တွေကလည်း ဘာလို့ဒူးထောက်ရမှာလဲ။
ဆုတ်လို့အမိန့်မပေးမချင်း မည်သို့မျှနောက်ဆုတ်လိမ့်မည်မဟုတ်။ အောင်မယ်ရေးရင်းနဲ့ နန်းမဆန်ဘဲ တပ်ဆန်နေပြန်ပါသည်။

အရေးအသားတွေက အစိမ်းရောင်သန်းနေသည်။
2020 မှာတော့ အနီရောင်ပါပဲလေ။ ဟ ဟ
နိုင်ငံရေးတွေမပါနဲ့လေ။ steemit ကနေ
ဘယ်နှယ့် အနီတွေအစိမ်းတွေဖြစ်ကုန်တာလဲ။
steem အကြောင်းပဲရေးပါလေ။
ဟုတ်တယ်လေ steem အကြောင်းပဲရေးနေတာလေ။ နို့ ဒါဖြင့် ဘယ်နှယ့် အနီအစိမ်းတွေက
ပါလာရတာလဲ။

mddjn2ugzz.jpg

ဟ လခွမ်းတဲ့မှ နင့်တို့ steem က တက်လိုက်ကျလိုက်နဲ့အနီအစိမ်းတွေဖြစ်နေတာပဲလေ။
steem က ကျလိုက်သမှ 2020 မှာ အနီတွေကို
မဲပေးမယ့်အတိုင်း နီလိုက်တာမှ ရဲဗလောင်းကို
ခတ်လို့ပါလား ဟရို့။

@htwegyi
Photo @htwegyi
MSC.036


Comments 6


You seem to be using older version of eSteem!
Please update to newest version to get most out of eSteem, Install Android, iOS mobile app. For desktop Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

26.11.2019 09:44
0

Thanks esteemspp

26.11.2019 09:52
0

ဖြစ်လိုရာဖြစ် မောင်ဘချစ်ကတော့ ဆက်တင်နေမှာပဲ

Posted using Partiko Android

26.11.2019 09:48
0

စမ်းချင်ရာစမ်း တို့က မောင်ဘဂျမ်း
မောင်ဘချစ်နဲ့ မောင်ဘဂျမ်း ခဏလာခဲ့ပါတဲ့
KTV အကြွေးလာဆပ်ဖို့တဲ့ 😁

26.11.2019 09:52
0

ဟား ဟား တွေးတတ်ရေးတတ်ပါပေ့ ဦးထွေးရာ .. 😂😂

26.11.2019 10:18
0

ရီတတ်ပါပေ့ ရီသောသူ ရုပ်ပျိုနုသဗျို့

26.11.2019 11:02
0