အသက်ကလေးရယ် ရှည်စေလိုတဲ့လား


image

ယနေ့ခရစ္စမတ်နေ့ဖြစ်သည်။ ရုံးပိတ်သည်။
ကရင်နှစ်သစ်ကူးနေ့နှင့် ဆက်တိုက်ဖြစ်၍
ရုံးနှစ်ရက်ဆက်တိုက်ပိတ်သည်။
ကြား ရုံးတစ်ရက်တက်ပြီး စနေ၊ တနင်္ဂနွေ
နှစ်ရက်ထပ်ပိတ်ပြန်သည်။ ရုံးပိတ်ရက်များ
သည့်အတွက် မိတ်ဆွေအချို့က ခရီးဝေး
ထွက်ကြသည်။ ကိုယ်တွေက ကျန်းမာရေး
အခြေအနေမကောင်း‌သေးသဖြင့်
ခရီးဝေးများ မသွားနိုင်ပါ။

ခရီးဝေးမသွားနိုင်တော့ မန္တ‌လေးမြို့တွင်းရှိ
ဘုရားများကို အားကျမခံသွားရောက်ဖူးသည်။
အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခို
ဆိုသည့်စကားအတိုင်း မန္တလေးတောင်ခြေရှိ
ဘုရားများသို့ ဘုရားဖူးထွက်ခဲ့သည်။
ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိဘုရားနှင့်
ကုသိုလ်တော်ဘုရားများသို့ လိုင်းကားစီးကာ
သွားရောက်ခဲ့သည်။

bnuokdw7na.jpg

ဘုရားများသို့ရောက်သည့်အခါ ဘုရားဖူးများဖြင့်
အလွန်စည်ကားလှပေသည်။ အထူးသဖြင့်
တရုပ်နိုင်ငံခြားသား အများအပြားကိုတွေ့ရ
သည်။ လကွယ်နေ့ဥပုသ်နေ့ဖြစ်၍ ဥပုသ်သီလ
ယူသူများကိုလည်း တွေ့ရသည်။
ကုသိုလ်တော်ဘုရားတွင် ပစ်တိုင်းထောင်
ရုပ်ထုကြီးအား ဓာတ်ပုံရိုက်ရန် သွားရှာသည့်အခါ
ဖျက်သိမ်းသွား၍ မတွေ့ရတော့ပါ။

ဘုရားသို့သွားသည့်အခါ အေးချမ်းမောင်
ကားကြီးဖြင့်သွားသည်။ အပြန်တွင် လိုက်ထရပ်
လိုင်းကား အသေးကို စီးပြီးပြန်ခဲ့သည်။
အဆိုပါ လိုင်းကားသေးကိုစီးရသည့်
အခါမှာတော့ ဘုရားတရပါတော့သည်။
62လမ်းပေါ်မှာတစ်ခါ တိုက်မိမလိုဖြစ်သည်။
ထို့နောက် လမ်း30ပေါ်မှာ လိုင်းကားအချင်းချင်း
ပွတ်တိုက်မိမလိုဖြစ်ပြန်သည်။

ကျွန်တော်စီးလာသည့်ကားသမားသည်
ကားမောင်းတာ အတော်သရမ်းသူဖြစ်သည်။
လမ်းလယ်မျဉ်ကိုကျော်ကာ တစ်ဖက်ယာဉ်ကြောအတွင်း ဝင်ရောက်မောင်းနှင်သည်။
ရှေ့မှာရှိသည် ယာဉ်ကိုအတင်းကျော်တက်
သည်။ ကားပေါ် အတူစီးလာသူ ခရီးသည်
အမျိုးသမီးတစ်ဦးသည် ကားစီရတာ ကြောက်
လာသဖြင့် ကျွန်တော်တို့ဆင်းသည့်
မှတ်တိုင်မှာဆင်းလေသည်။ သူဆင်းရမည့်
မှတ်တိုင်မှာ ရှေ့မှတ်တိုင်ဖြစ်သည်။

ထိတ်ထိတ်လန့်လန့်ဖြင့် သွားရောက်ခဲ့သည့်
ဘုရားဖူးခရီးစဉ်၏ မှတ်တမ်းဓါတ်ပုံများအား
ရှုစားကြပါအုံးဗျာ။

မှတ်ချက်။။ အသက်ရှည်ချင်လို့ မန်းတောင်ရိပ်ခို
သွားပါတယ်။ ဆေးရုံကြီးအရိပ်ခိုရတော့မလို့။

l8cs8vvd6z.jpg

fm7w7vptew.jpg

lc3grbhiol.jpg

9z4s1yuje9.jpg

0lvpg4spf6.jpg

@htwegyi
Photo @htwegyi
MSC.036


Comments 2


Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

25.12.2019 11:37
0

Thanks esteemapp

25.12.2019 11:55
0